Quantcast
Channel: ဦးဝင်းတင် – MoeMaKa Burmese News & Media
Viewing all articles
Browse latest Browse all 39

ထွန်းဝင်းငြိမ်း –ဘာလဲဟဲ့ ပေါ်သစ်

$
0
0
  ထွန်းဝင်းငြိမ်း – ဘာလဲဟဲ့ ပေါ်သစ်  (မိုးမခ) ဧပြီ ၂၁၊ ၂၀၁၇ ပြည်သူ့ဘက်တော်သား ဆရာဦးဝင်းတင်(၁၉၃၀ – ၂၀၁၄) ကွယ်လွန်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီဖြစ်သည်။ ဆရာ့ဘ၀သည် သတင်းစာဆရာ၊ ပန်းချီအနုပညာဝေဖန်ရေး သမား၊ နိုင်ငံရေး အကျဉ်းသား၊ ပြည်သူ့ဘက်ကရပ်သော နိုင်ငံရေးသမား စသဖြင့် ကျင်လည်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ရေးဆွဲရေးကို ကွယ်လွန်သည်အထိ တစိုက်မတ်မတ် ရပ်ခံ ကိုင်စွဲခဲ့သည်။ ဆရာသည် နိုင်ငံရေးသမားတဦးအနေဖြင့် သံမဏိစိတ်ဓါတ်နှင့်လူ ဖြစ်သလို ယဉ်ကျေးမှု အနုပညာရပ်များတွင် အလွန်သိမ်မွေ့စွာ ခံစားသုံးသပ်နိုင်သူ တဦးဖြစ်ကြောင်း ပေါ်သစ် လက်ရာများတွင် တွေ့ရပေသည်။   ဟံသာဝတီမှ စနေစာပေ၀ိုင်း ဆရာဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုကာလ အတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် “ခြေ တွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။ ဆရာသည် သတင်းစာဆရာ ဘဝကိုသာ မြတ် နိုးပြီး ရာထူး ဂုဏ်ရှိန် များကို တတ်မက်ခဲ့သူ မဟုတ်ပါ။ ဟံသာဝတီ သတင်းစာမှာ အယ်ဒီတာ ချုပ် လုပ်ကိုင် နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယ ဝန်ကြီး ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း၊ ဆရာသည် ထို ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေ။ ၁၉၆၈ ကနေ ၁၉၇၂ အထိ အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက်ခဲ့သည်။ မန္ဈလေးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူရင်းပင် ရန်ကုန်သို့ ဆင်း ကာ သတင်းစာသင်တန်းများလည်း ပို့ချပေးခဲ့သည်။ သတင်းစာ သမိုင်း ပြုစုရန် ကိုလည်း ဦးထင်ကြီး၊ လူထု ဦးလှ၊ ရွှေဥဒေါင်းတို့နှင့်အတူ အထူးအားထုတ်ခဲ့သူ ဖြစ်သည်။ ၁၉၇၇ – ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။ ထိုစာတမ်း များကို စာအုပ်အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ဦးဝင်းတင် ဦးဆောင် ကျင်းပသော စနေစာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်သည့် စာတမ်း […]

Viewing all articles
Browse latest Browse all 39

Latest Images

Trending Articles





Latest Images